ကျွန်ုပ်တို့အား ထောက်ပံ့သောဘုရားသခင်

၂၀၂၄ ခုနှစ်က ဆယ်ကျော်သက်လေး Keegan(ကီးဂန်)သည် ၂ ပေရှည်သော Barramundi(ဘာရမ်မွန်ဒီ)ငါးကို မိပြီး ပျော်ရွှင်စွာ ငါးမျှားကြိုးကို ရစ်သိမ်းနေခဲ့သည်။ သို့သော် သူ့ညီမငယ်က ငါး၌ ချိတ်ဆွဲထားသည့်ကတ်ပြားကို ညွှန်ပြသော အခါတွင် သူ၏ပျော်ရွှင်မှုမှာ အတိုင်းမသိ ပီတိဖြစ်သွားသည်။ သြစတြေးလျငါးမျှားပြိုင်ပွဲ၏ တစ်စိတ်တစ်ဒေသအနေဖြင့် ထိုငါးကိုဖမ်းမိခြင်းက ဒေါ်လာ ၁ သန်း တန်ဖိုးရှိသည်။ ထိုပွဲကို ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဥ်ကျင်းပခဲ့ပြီး၊ ကီးဂန် သည် မက်လောက်စရာငွေသားဆုကို ပထမဆုံးရရှိခဲ့သူဖြစ်သည်။

ထိုငါးကို ဖမ်းမိရန် ဖြစ်နိုင်ခြေနည်းပါသည်။ ကြုံရာကျပန်းဖမ်းမိသောငါး၏ ပါးစပ်ထဲမှ အကြွေစေ့ရှိနေခြင်းက ပို၍ပင်မဖြစ်နိုင်။ သို့သော် ရှင်မဿဲခရစ်ဝင်တွင် သခင်ယေရှုက သူ၏တပည့်တော်ပေတရုအား “အိုင်သို့သွား၍.... ရှေ့ဦးစွာရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲတစ်ပြားကို တွေ့လိမ့်မည်” (၁၇:၂၇)ဟု မိန့်ကြားခဲ့သည်။

ဤအဖြစ်အပျက်၏နောက်ခံအကြောင်းအရာမှာ သခင်ယေရှု ဗိမာန်တော်အခွန်ပေးဆောင်ခြင်းရှိမရှိ မေးခွန်းထုတ်ခြင်းဖြစ်သည်(:၂၄)။ ဘုရားသခင်၏ သားတော်ဖြစ်သူ ယေရှုအား…

သခင်ယေရှုအတွက် ပူဇော်သက္ကာ

ဗစ်တိုးရီးယားခေတ်မှ ကဗျာဆရာမ Christina Rosetti(ခရစ္စတီးနားရိုဆက်တီ)၏ “A Better Resurrection” “ပိုမိုကောင်းမွန်သောရှင်ပြန်ထမြောက်ခြင်း”ဟူသည့် နာကျင်ဆွတ်ပျံ့ဖွယ် ကဗျာတစ်ပုဒ်၌ “မျက်လုံးများကို ပင့်မျှော်ကြည့်လည်း ဝမ်းနည်းမှုဖြင့် မှုန်ဝါးနေ၍၊ ထာဝရတည်သောတောင်တန်းများကို မမြင်ပြီ”။ ...“မည်သည့်မျှော်လင့်ချက်၊ ကြောက်ရွံ့မှုကိုမှ မခံစားမိဘဲ ထုံထိုင်းလျက်”ဟူ၍ မျှော်လင့်ချက်မဲ့စွာ ခံစားရချိန်၌ မျှော်လင့်ခြင်းကို ကြိုးစားရှာဖွေကြောင်း ရေးသားခဲ့သည်။ သို့သော် ရိုဆက်တီသည် သူမ၏စိတ်ပျက်ဖွယ် ခံစားချက်ထက် ပိုမိုနက်ရှိုင်းသော မျှော်လင့်ချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ပြညွှန်သည့် “ဖူးပွင့်စပန်းနှင့် စိမ်းလန်းမှု”တို့က သူမ၏ ဘဝကို ပြန်လည်အသစ်ဖြစ်စေသည်ဟု မခံစားရသော်လည်း “အသက်တာအသစ်ဖြင့် ထမြောက်လိမ့်မည်”ဟု ဝန်ခံလျက် “အိုသခင်ယေရှု၊ ကျွန်ုပ်အတွင်း၌ ထမြောက်တော်မူပါ”ဟု ဆုတောင်းခဲ့သည်။

ရှင်ပေါလုကလည်း ကောရိန္သုသြဝါဒစာဒုတိယစောင်၌ “... အသက်မလွတ်နိုင်ဟုထင်ရ၍ မခံနိုင်အောင် အတိုင်းထက်အလွန်လေးသော ဆင်းရဲဒုက္ခခံရကြောင်း”ကို ဖော်ပြခဲ့သည်(၁:၈)။ သို့သော် “သေသောသူတို့ကို ထမြောက်စေတော်မူသော…

ယေရှုအတွက် အသက်ရှင်ခြင်း

၂၀၂၃ ခုနှစ်တွင် ရှာကဟိုလာတောအုပ်၌ လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် Shakahola Massacre အမှုကို ကင်ညာနိုင်ငံရဲတပ်ဖွဲ့မှ အပြီးသတ် ဖြေရှင်းခဲ့သည်။ ထိုအမှု၌ ယေရှုနှင့်တွေ့ဆုံရန် အစာငတ်ခံအသေခံရန် ဘာသာရေးခေါင်းဆောင်၏ လမ်းညွှန်မှုကို နာခံပြီး၊ လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ သူ့နောက်လိုက်များ သေဆုံးပြီးနောက်၊ သူလည်း ဤနည်းလမ်းဖြင့် လောကမှထွက်ခွာမည်ဟု ကတိပေးခဲ့ကြောင်း စွပ်စွဲခံရပြီး၊ အဖမ်းခံရပြီးနောက် ထိုသို့ သူ မသွန်သင်ကြောင်း ငြင်းဆိုခဲ့သည်။

ဝိညာဉ်ရေးခေါင်းဆောင်ဟု ကြွေးကြော်နေကြသူများကို မျက်လုံးစုံမှိတ်ပြီး ယုံကြည်ခြင်းသည် အန္တရာယ်ရှိကြောင်း၊ ထိုဝမ်းနည်းစရာ ဖြစ်ရပ်က ဥပမာပေးနေသည်။ ထိုအဖွဲ့ဝင်များသည် သူတို့ကို ကယ်ရန် ရောက်လာသူများအား ဆန့်ကျင် သည်အထိ လှည့်ဖြားခံခဲ့ရသည်။ လွတ်မြောက်လာသူတစ်ဦးမှ ခေါင်းဆောင်၏ သွန်သင်မှုများကို အလွန်အမင်းစွဲလမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယေရှုခရစ်တော်သည် သူ့ကို ယုံကြည်သူတို့အတွက် စစ်မှန်သောခေါင်းဆောင်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိုးသဖြင့်၊ အသက်ကို ရရန်…

ကြီးမားလာသော နှလုံးသား

သြဂတ်စတင်း၏ Confessions(ဝန်ခံချက်)စာအုပ်တွင် သူ့လိုလူနှင့် ဘုရားသခင် မည်သို့ဆက်ဆံရေး တည်ဆောက်နိုင်သည်ကို သူနားမလည်နိုင်ခဲ့ပါ။ စကြဝဠာကို ဖန်ဆင်းသူသည် သေးငယ်ပြီး အပြစ်ရှိသော သူ့စိတ်နှလုံးသို့ ဝင်ရောက်ရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ဖြစ်နိုင်အောင်ပြုပေးပါမည့်အကြောင်း “ကျွန်ုပ်၏ စိတ်ဝိညာဉ်အိမ်မှာ ကျဉ်းပါ၏။ ကိုယ်တော် ဝင်ရောက်နိုင်ဖို့ ချဲ့ပေးတော်မူပါ။ စိတ်နှလုံးသည် ပျက်စီးနေပါ၏။ ပြုပြင်ပေးပါ။ ကိုယ်တော်ကို အနှောင့်အယှက်ဖြစ်စေသည့်အရာများရှိပါ၏။ ၎င်းကို ကျွန်ုပ်သိပါ၏။ ဝန်ခံပါ၏။ သို့သော် ကိုယ်တော်ကလွဲပြီး မည်သူက ကျွန်ုပ်ကို သန့်စင်ပေးမှာလဲ၊ ဘယ်သူ့ဆီကို အော်ဟစ်ရမှာလဲ”ဟူ၍ ဘုရားသခင်ထံ သူဆုတောင်းခဲ့သည်။

ယနေ့တွင် သြဂတ်စတင်းကို လေးစားကြည်ညိုဖွယ် ဒဿနိကပညာရှင်နှင့်ဓမ္မပညာရှင် စိန့်သြဂတ်စတင်းအဖြစ် ကျွန်ုပ်တို့သိကြသည်။ သို့သော် သူက သူ့အားသိရှိလိုသော ဘုရားသခင်၏အံ့သြဖွယ်ရာဖြင့် ပြောင်းလဲသူအဖြစ် သူ့ကိုယ်သူ ရိုးရိုးလေးရှုမြင်သည်။

ဆာလံ ၁၁၉ တွင် ဆာလံဆရာသည် အထူးသဖြင့် သမ္မာကျမ်းစာအားဖြင့် သူ့ကိုယ်ကိုဖွင့်ပြသော ဘုရားသခင်၏ဗျာဒိတ်တော်ကို အံ့သြခံစားခဲ့ရသည်(:၁၈)။…

တာဝန်များကို လျှော့ချရန် ဆုံးဖြတ်ခြင်း

နှစ်သစ်ကူးသံန္နိဌာန်များအကြောင်း စဉ်းစားသောအခါ၊ စိန်ခေါ်မှုကြီးမားသည့် ရည်မှန်းချက်စာရင်းက စိတ်ထဲပေါ်လာပြီး၊ ချမှတ်သောနှစ်သစ်ရည်မှန်းချက်များ၏ ၈၀ % ကို ဖေဖော်ဝါရီလလယ်တွင် ကျွန်ုပ်တို့ စွန့်လွှတ်လိုက်ပြီးဖြစ်သည်။ “မိမိဘဝ ပိုကောင်းလာစေရန် မိမိကိုယ်ကို အရင်ပြုပြင်ရမည်ဟူသည့်အတွေး”ကို လုံးဝငြင်းပယ်ပါဟူသည့် ပိုကောင်းသည့်အကြံကို စာရေးဆရာမ အေမီ ဝီလ်ဆင်(Amy Wilson)က အကြံပြုထားသည်။ ကတိကဝတ်များ ပေါင်းထည့်မည့်အစား၊ နှစ်သစ်ကို အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ကာ၊ “မိမိ၏အချိန်နှင့် အင်အားကို အသုံးပြုရသော်လည်း အကျိုးကျေးဇူးများစွာ ပြန်မရမည့် ကြီးမားပြီး ဆက်လက်ဖြည့်ဆည်းလုပ်ဆောင်ဆဲ ကတိကဝတ်အချို့”ကို “စတင်ငြင်းဆန်ခြင်း”ဖြင့် တာဝန်များလျှော့ချသင့်ကြောင်း အကြုံပြုထားသည်။

လုပ်ဆောင်ရန်၊ ပိုတိုး၍လုပ်ဆောင်ရန် အဆက်မပြတ်ဖိအားပေးနေသော ကမ္ဘာတွင်၊ သခင်ယေရှုက သူ၌သာတည် နေရန် ဟူသည့် အခြားသော လက်တွေ့ ကျသောဘဝစည်းချက်သို့ တပည့်တော်များအား ခေါ်ဖိတ်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅ တွင်၊ သခင်ယေရှုက သူ့ကိုယ်ကို “မှန်သောစပျစ်နွယ်ပင်”(:၁)၊ တပည့်တော်များကို “အခက်များ”(:၅)အဖြစ် ဖော်ပြခဲ့သည်။…

တစ်ယောက်တည်း မလုပ်ပါနဲ့

ကျွန်မရှေ့ရှိ ပြန့်ကျဲနေသောပျဉ်ချပ်အပုံနှင့် ကိရိယာအစုံအလင်ရှိနေသည်။ စာအုပ်စင်တပ်ဆင်နည်း လမ်းညွှန်စာအုပ်ကို ဖွင့်ဖတ်ရာ လုပ်ရမည့်အရာ၊ မလုပ်ရမည့်အရာများ ပါဝင်ပြီး၊ စာမျက်နှာတစ်ခုတွင် ကြီးမားသော ကြက်ခြေခတ်(X)နှင့်၊ လွန်ခဲ့သည့်မိနစ်အနည်းငယ်က ကျွန်မပုံစံနှင့်တူသည့် စိတ်ရှုပ်ထွေးမှုနှင့် ပျဉ်ချပ်နှင့်ကိရိယာများကို မျက်မှောင်ကြုတ်စိုက်ကြည့်နေသူတစ်ဦးပုံကို တွေ့ရသည်။ ညာဘက်ခြမ်းတွင် “မှန်ကန်‌သော တပ်ဆင်နည်း”ကို ဖော်ပြထားသည်။ တစ်ခုတည်းသောကွာခြားချက်မှာ ထိုနေရာတွင် ဒုတိယလူတစ်ယောက် ရှိနေပြီး၊ ထိုလူနှစ်ဦးစလုံးသည် စင်ကို အတူတကွတပ်ဆင်ရင်း သူတို့၏မျက်နှာ၌အပြုံးပန်း ပွင့်နေပြီဖြစ်သည်။

သို့နှင့် ကျွန်မခင်ပွန်းကို ခေါ်လိုက်ကာ “အညွှန်းအရဆို ရှင့်အကူအညီကို ကျွန်မလိုအပ်တယ်”ဟု သူ့အား ပုံကိုပြပြီး ပြောလိုက်သည်။ သူက ရယ်မောပြီး ကျွန်မတို့အတူတကွ တပ်ဆင်လိုက်သည်။ ကျွန်မက နည်းလမ်းရှာပြီး ခေါင်းမာမာနှင့် ကိုယ့်ဘာသာကိုယ် တပ်ဆင်ရန် ကြိုးစားနိုင်သည်။ သို့သော် တစ်ယောက်တည်း တပ်ဆင်ရန်မဟုတ်ဟူသည့် လမ်းညွှန်စာအုပ်ဖော်ပြချက်က မှန်ကန်ပေသည်။

ရောမသြဝါဒစာ ၁၂ တွင် ပေါလုက ယုံကြည်သူလူသစ်များအား…

သခင်ယေရှုနှင့်အတူ အသက်ရှင်ခြင်း

သမားတော်ခရစ်ရှန်နိဇင်းမရ (Christian Ntizimira) သည် ဆေးဝါးပစ္စည်းမလုံလောက်သော သူ၏ဇာတိ ရဝမ်ဒါနိုင်ငံတွင် ဘဝ၏နောက်ဆုံးအချိန် ရောက်နေသူများအား စောင့်ရှောက်မှုပေးရန် ဘုရားသခင်၏စေစားခေါ်သံကို သတိပြုမိခဲ့သည်။ သူ၏လုပ်ဖော်ကိုင်ဖက်များက “ဤလူနာများသည် မျှော်လင့်ချက်မရှိတော့”ဟု ယူဆကြသောကြောင့် ထိုသို့စောင့်ရှောက်မှု၏တန်ဖိုးကို မမြင်ကြပါ။ သို့သော် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် သူ၏“တည်ရှိမှုက အားလုံးဆုံးရှုံးသွားသည်ဟုထင်ရချိန်တွင် မျှော်လင့်ချက်ကို ပြန်လည် ရှင်သန်စေကြောင်း” နိဇင်းမရတွေ့ရှိခဲ့သည်။ သူ၏အလုပ်တွင် “ခရစ်တော်၏အသေခံခြင်းသည် အသက်၏အရင်းအမြစ်ဖြစ်ခြင်း”ကြောင့် ယေရှု၏သေခြင်းနှင့်အသက်တာသည် သေခြင်းတရားအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြောင်းလဲစေနိုင်သည်ဟူသော ယုံကြည်ချက်၌ သူခိုင်မာစွာအခြေပြုရပ်တည်ခဲ့သည်။

တိမောသေသြဝါဒစာဒုတိယစောင်တွင် ယေရှုသည် “သေခြင်းကိုပယ်ရှား ၍ ... အသက်ရှင်ခြင်းနှင့် မဖောက်ပြန်ခြင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ” (၁:၁၀)။ ထိုအဖြစ်မှန်သည် သူကြုံတွေ့ခံစားနေရမှုများအပေါ် သူ၏နားလည်မှုကို ပြောင်းလဲပေးခဲ့ကြောင်း တမန်တော်ရှင်ပေါလု သက်သေခံခဲ့သည်။ သူသည် ကွပ်မျက်ခံရနိုင်သော အကျဉ်းသားတစ်ဦးဖြစ်ခဲ့သော်လည်း (၂:၉)၊ ခရစ်တော်အားဖြင့် ဖြစ်သောကယ်တင်ခြင်းကို အခြားသူများအား ညွှန်…

ဘုရားသခင် နားလည်သည်

ဂျွန်ခိုးနစ်(John Koenig)၏ Dictionary of Obscure Sorrows(မထင်မရှား ဝေဒနာ များ၏အဘိဓာန်)စာအုပ်တွင် စကားလုံးအသစ်စုစည်းမှုများစွာကို ဖော်ပြထား သည်။ စကားလုံးတစ်လုံးချင်းစီသည် ယခင်က ကျွန်ုပ်တို့ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်အောင် ရှုပ်ထွေးလှသည့်ခံစားချက်များကို တီထွင်အမည်ပေးထားသည့် စကားလုံးများဖြစ်သည်။ ထိုစာအုပ်တွင် “dés vu”(ဒေးဗျူ)- “အမှတ်တရတစ်ခုဖြစ်လာမည့် အခိုက်အတန့်ကို သတိပြုမိခြင်း”၊ “onism”(အိုနစ်ဇမ်)“တစ်ချိန်တည်း၊ တစ်နေရာတည်းသာရှိသော ခန္ဓာတစ်ခု၌ မလှုပ်နိုင်အောင် စိတ်ရှုပ်ထွေးမှု၌ ပိတ်မိခြင်း”စသည့်စကားလုံးတို့ ပါဝင်သည်။ ခိုးနစ်၏ ရည်ရွယ်ချက်မှာ လူသားတို့၏ ပြိုင်စံရှား ထူးဆန်းသောအတွေ့အကြုံအားလုံးကို မီးမောင်းထိုး ဖော်ပြရန်ဖြစ်ပြီး၊ ဤသို့ဖြင့် ထိုအတွေ့အကြုံများထဲတွင် “ငါတစ်ယောက်တည်း”ဟူသော အထီးကျန် ခံစားချက်ကို လျော့ပါးစေနိုင်ရန်ဖြစ်သည်ဟု သူက ဆိုသည်။

မိမိရင်ဆိုင်ဖြတ်သန်းခဲ့ရသောအရာများအတွက် အစဥ်အမြဲ စကားလုံးရှာမရ ဖြစ်စဥ်မှာပင် အခြေအနေမျိုးစုံ၊ ခံစားချက်မျိုးစုံနှင့် လူသား၏ဖြစ်တည်မှုကို ဘုရားသခင်သည် တန်ဖိုးထားပြီးနားလည်ကြောင်း သိရခြင်းက သခင်ယေရှုကို ယုံကြည်သူတို့အတွက်…

ဘုရားသခင်၏နှလုံးသားဖြင့် ရှုမြင်ခြင်း

Chantale (ရှန်းတဲလ်)သည် သူမ၏ ၁၃ နှစ်မြောက် မွေးနေ့ကို အေးချမ်းသော သူမ၏ဇာတိရွာတွင် နာရီအတန်ကြာပျော်ရွှင်စွာ ကျင်းပနေပြီးနောက် ငြိမ်းချမ်းသောညနေခင်းကို ဖြိုခွင်းလိုက်သည့်သေနတ်သံများ ပေါ်ထွက်လာခဲ့သည်။ ပုန်းနေရန် ညွှန်ကြားလိုက်သည့် မိခင်၏စကားကို နာခံကာ ရှန်းတဲလ်တို့မောင်နှမများသည် တောအုပ်ထဲသို့ပြေးခဲ့ကြသည်။ တစ်ညလုံးသစ်ပင်ကြီးတစ်ပင်အောက်တွင် ပူးပူးကပ်ကပ် နေခဲ့ကြပြီး၊ ”မနက်ခင်းမှာ နေသာ ထွက်လာတယ်။ ဒါပေမဲ့ သမီးတို့ရဲ့မိဘတွေ ပေါ်မလာခဲ့ဘူး”ဟု ရှန်းတဲလ် ပြန်ပြောပြခဲ့သည်။ ယခုတွင် ရှန်းတဲလ် တို့မောင်နှမများသည် စစ်ရှောင်စခန်းတွင် ထောင်နှင့်ချီသောဒုက္ခသည်များနှင့်အတူ နေရသောမိဘမဲ့ဒုက္ခသည် ကလေးများ ဖြစ်ခဲ့ရပြီ။

ရှန်းတဲလ်တို့အကြောင်းကဲ့သို့ အရာများကို ကျွန်မတို့ကြားရတိုင်း ထိုကဲ့သို့ ဝမ်းနည်းဖွယ်ဆုံးရှုံးမှုကြီးကို လျစ်လျူရှုလိုက်ချင်ခဲ့သည်။ သို့သော် နှုတ်ကပတ်တော်မှ ဖော်ပြသည့် ဘုရားသခင်ကို ယုံကြည်သူတိုင်းသည် လူတို့၏ခံစားနေရမှုများကို မည်သည့်အခါမှမျက်နှာမလွှဲသော၊ ”ဧည့်သည်တို့ကို စောင့်မတော်မူ၍၊ မုဆိုးမနှင့်မိဘမရှိသောသူတို့ကို ထောက်မတော်မူသော”ဘုရားသခင်ကို ယုံကြည်ကြသည် (ဆာ ၁၄၆:၉)။

“ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး...ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။…

ဆုံးရှုံးခြင်းအားဖြင့် အနိုင်ရခြင်း

“အောင်မြင်မှု မရှိခြင်းသည် အောင်မြင်ခြင်းထက် အမှန် ပို၍ စွမ်းအားကြီးသည်” ဟု ပရောဖက်ဆာ Monica Wadhwa (မော်နိခါဝါ့ဒ်ဝေါ့)က ဆွေးနွေး ပြောဆိုခဲ့သည်။ သူမ၏သုတေသနပြုချက်အရ လူသည် အောင်မြင်ချိန်တွင် မဟုတ်ဘဲ အောင်မြင်လုနီးနီးအချိန်တွင် သွက်လက်အားပြည့်ဆုံး၊ လှုပ်ရှားရန် လှုံ့ဆော်မှုအခံရဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ တစ်စုံတစ်ဦး၏ရည်မှန်းချက် ပျက်ပြီး ကျရှုံးခြင်းက လူကို ဆက်လက်ရှင်သန်ပြီး ကြိုးစားရုန်းကန်အားထုတ်ရန် လှုံ့ဆော်မှုပေးတတ်ပြီး၊ တစ်ဘက်တွင် အလွယ်တကူ အောင်မြင်မှုရရှိခြင်းက စွမ်းအားနှင့် လှုံ့ဆော်လှုပ်ရှားနိုင်စွမ်းတို့ကို ချည့်နဲ့စေတတ်သည်။

ဝါ့ဒ်ဝေါ့၏အမြင်သည် သခင်ခရစ်တော်နောက်လိုက်ခြင်းကို အပြေးပြိုင်ပွဲ အဖြစ် ရှင်ပေါလုခိုင်းနှိုင်းထားသော (၁ကော ၉:၂၄-၂၇ နှင့် ဖိ ၃:၁၂-၁၄ ) ကျမ်းပိုဒ်နှစ်ပိုဒ်အပေါ် ထိုးထွင်းဉာဏ် အမြင်သစ်ကို ပေးသည်။ ဥပမာနှစ်ခုလုံး တွင် ရှင်ပေါလုက ယုံကြည်သူများအား ခရစ်တော်နောက် လိုက်လျှောက်ခြင်းနှင့် ကယ်တင်ခြင်း သတင်းကောင်းအတွက် ရှိသမျှအစွမ်းကုန် ကြိုးစားအားထုတ်၍…